အမေရိကန်မှ ကိုဗစ် ၁၉ ဇာစ်မြစ်ရှာဖွေခြင်း “ဓာတ်ပြားဟောင်းပြန်ဖွင့်ခြင်း” ၏ ယုတ္တိမဲ့ခြင်းနှင့် စိုးရိမ်ကြောင့်ကြမှု

(GMT+08:00)2023-03-26 16:43:23  

အမေရိကန်သည် တရုတ်ပြည် အပေါ် အပြစ် လွှဲချရန် အတွက် မကြာခင်က ကိုဗစ် ၁၉ ဇာစ်မြစ်ရှာဖွေခြင်းကို နိုင်ငံရေး ကိစ္စ အဖြစ်  ထပ်မံ ဆောင်ရွက်လာပါသည်။ ကိုဗစ် ၁၉ ဗိုင်းရပ်စ်သည် တရုတ် စမ်းသပ်ခန်းမှ ယိုစိမ့်လာနိုင်ဖွယ်ရာ ရှိသည်ဟု အမေရိကန်စွမ်းအင်ဝန်ကြီးဌာနမှ အိမ်ဖြူတော်နှင့် လွှတ်တော်ထံသို့ တင်ပြသော လျှို့ဝှက် အစီရင်ခံစာ တစ်ရပ်ကို ကိုးကား၍  Wall Street Journalက ရေးသားဖော်ပြပါသည်။ ထို့နောက် အမေရိကန် အဓိက မီဒီယာများသည် ၄င်းပြောဆိုချက်ကို အကြီးအကျယ် သတင်းဖြန့်ကြပါသည်။ သို့သော် ယုတ္တိမဲ့သည့်အချက်တစ်ချက်မှာ အဆိုပါ အစီရင်ခံစာကို အမေရိကန် စွမ်းအင် ဝန်ကြီးဌာန ကိုယ်တိုင်ကပင် “ယုံကြည်ရမှုနည်းသည်” ဟုပင်မှတ်ချက်ပြုထားပါသည်။

ယင်း နိုင်ငံရေး ကြံဖန်လီဆယ်မှုသည် တရုတ်ပြည် အပေါ် အမေရိကန်ဘက်၏ နက်ရှိုင်းသော မဟာဗျူဟာ စိုးရိမ်ကြောင့်ကြမှုကို ပေါ်လွင်လာစေပါသည်။ စစ်အေး အတွေးအခေါ်နှင့် တရုတ်ပြည် အပေါ် မှားယွင်းသော အသိအမြင်များကို ထားရှိ၍ အမေရိကန်သည် တရုတ်ပြည်ကို အကြီးဆုံး မဟာဗျူဟာ ယှဉ်ပြိုင်မှု ပြိုင်ဘက် အဖြစ် သဘောထားပြီး ဖိနှိပ်မှုနှင့် ထိန်းချုပ်ဟန့်တားမှုများကို ဘက်ပေါင်းစုံမှ ပြုလုပ်ပါသည်။ ရရာနည်းဖြင့် တရုတ်ပြည်ကို အသေရေဖျက်ခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းသည် ပရိယာယ် တစ်မျိုးပင် ဖြစ်ပါသည်။

ဗိုင်းရပ်စ် ဇာစ်မြစ် ရှာဖွေခြင်းသည် သိပ္ပံနည်းကျသော ကိစ္စ တစ်ခု ဖြစ်၍ နိုင်ငံရေး ကြိုးကိုင်မှုဖြင့် ပြုလုပ်၍ မရပါ။ အမေရိကန်သည် ကိုဗစ် ၁၉ ဇာစ်မြစ်ရှာဖွေခြင်း “ဓာတ်ပြားဟောင်းပြန်ဖွင့်ခြင်း”ဖြင့် ကိုယ့်နိုင်ငံ၏ ပြဿနာကို မဖြေရှင်းနိုင်ပါ။ ယင်းသည် အမေရိကန်က ကမ္ဘာပေါ်တွင် ကပ်ရောဂါ တိုက်ဖျက်ရေးကို အကြီးဆုံး ဖျက်ဆီးသူနှင့် ဗိုင်းရပ်စ် ဇာစ်မြစ် ရှာဖွေရေးကို အကြီးဆုံး တားဆီးနှောင့်ယှက်သူပင် ဖြစ်သည်ကို ကမ္ဘာအား ရှင်းရှင်းလင်းလင်း သိမြင်လာစေသာ ဖြစ်ပါသည်။