၁၄ကြိမ်မြောက် ဝူဟန့်နိုင်ငံတကာ ဆက်ကပ်ပညာပွဲတော် ဖွင့်လှစ်

(GMT+08:00)2023-03-26 16:44:39  

    မတ်လ ၂၄ ရက်နေ့က ၁၄ကြိမ်မြောက် ဝူဟန့်နိုင်ငံတကာ ဆက်ကပ်ပညာပွဲတော်ကို ဖွင့်လှစ်ခဲ့ပြီး ပြပွဲနှင့် ဖျော်ဖြေပွဲများတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပရိုဂရမ် ၂၃ ခု ပါဝင်မည်ဖြစ်ပါသည်။ ဝူဟန့်နိုင်ငံတကာ ဆက်ကပ်ပညာပွဲတော်ကို ၁၉၉၂ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂ နှစ် တစ်ကြိမ် ကျင်းပလေ့ရှိကာ ၂၀၁၈ခုနှစ်အထိ ၁၃ကြိမ်တိုင်တိုင် အောင်မြင်စွာကျင်းပခဲ့ပြီဖြစ်ပါသည်။