ကန်ထောက်လှမ်းရေးဌာန ထပ်မံ သတင်းအတု လုပ်နေသလား၊ Nord Stream သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း၏ ယိုစိမ့်မှု အရေးအခင်းကို ဆုံးခန်းတိုင်အောင် စုံစမ်းစစ်ဆေးသင့်

(GMT+08:00)2023-03-26 16:46:21  

ဒေသ စံတော်ချိန် ယခုလ ၂၂ရက်နေ့က အမေရိကန် ဝါရင့် စုံစမ်းစစ်ဆေးရေး သတင်းထောက် Seymour Hershက ဆိုရှယ်မီဒီယာတွင် ဆောင်းပါးတစ်ပုဒ်ကို ထပ်မံ ရေးသားရာ၌ “ယူကရိမ်း အစိုးရကို လိုလားသော” အဖွဲ့အစည်းက Nord Stream သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟူသော သတင်းထုတ်ပြန်ချက်သည် သတင်းအတု ဖြစ်ကြောင်း၊ ယင်း သတင်းထုတ်ပြန်ချက် သည် အမေရိကန် ထောက်လှမ်းရေးဌာနက သက်ဆိုင်ရာ အမိန့်အရ ဖန်တီးဖြန့်ချိသည့် သတင်းအတု ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ အဖြစ်မှန်ကို ဖုံးကွယ်ရန်ပင် ဖြစ်ကြောင်း ဖော်ပြပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ယင်းသတင်းထုတ်ပြန်ချက် အပေါ် မယုံသင်္ကာ ဖြစ်နေကြပါသည်။ ကမ္ဘာ့ မဟာဗျူဟာ အန္တရာယ် အတိုင်ပင်ခံ ကုမ္ပဏီ Sibylline၏ CEO Justin Crumpက Nord Stream သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ပျက်စီးသည့် အပိုင်း ညီညီညာညာရှိခြင်းသည် ၄င်းဖောက်ခွဲမှုအား ကမ္ဘာ့ထိပ်တန်း အထူတပ်ဖွဲ့သာ ပြုလုပ်နိုင်သည်ကို ပြဆိုနေကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းသည် ယင်းသို့သော ဖောက်ခွဲမှုကို အောင်မြင်စွာ ပြုလုပ်ရန် အလွန်ခက်ခဲကြောင်း ပြောကြားသည်။

ကုလသမဂ္ဂမှ ၄င်းအရေးအခင်း အပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ဖို့ တွန်းအားပေးရန် အတွက် မကြာခင်က ရုရှားသည် လုံခြုံရေး ကောင်စီထံသို့ အဆိုပြုချက် မူကြမ်းကို တင်ပြခဲ့ပါသည်။ သို့သော် အမေရိကန် အပါအဝင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များတွင် အနောက်နိုင်ငံများသည် ၄င်းအဆိုပြုချက်မူကြမ်းကို အတည်ပြုရန် တားဆီးနှောင့်ယှက်ကြပါသည်။ အဘယ်ကြောင့် အမေရိကန်သည် ၄င်းအဆိုပြုချက် မူကြမ်းကို အစွမ်းကုန် တာဆီးသနည်း။ သူခိုးလုပ်၍ ကိုယ့်လိပ်ပြာ ကိုယ်မလုံ ဖြစ်နေရော့သလား။

အကယ်၍ အမေရိကန် အစိုးရ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ရန် အကြောင်းမရှိလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ မယုံသင်္ကာ ဖြစ်ဖွယ်ရာ အချက်များနှင့် အာရုံစူးစိုက်ချက်များကို တစ်ခုပြီးတစ်ခု တုံ့ပြန်ဖြေကြားပြီး ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် Nord Stream သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း၏ ယိုစိမ့်မှု အရေးအခင်းကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အားပေးထောက်ခံသင့်ပါသည်။