တရုတ်နိုင်ငံသည် သတ်မှတ်ထားသောဦးတည်ချက်သို့ လျှောက်လှမ်းရန် မျှော်လင့်

(GMT+08:00)2023-03-25 13:47:08  

မကြာခင်က တရုတ်နိုင်ငံသည် အစည်းအဝေးနှစ်ရပ်ကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ယခုနှစ် အစည်းအဝေးနှစ်ရပ်၏အရေးကြီးအဓိပ္ပါယ်ကို မည်သို့ သုံးသပ်ခြင်းနှင့်ပတ်သက်၍ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loongက အလွန်အရေးကြီးသည်မှာ တရုတ်နိုင်ငံက လာမည့်၅နှစ်အတွင်း ခေါင်းဆောင်အဖွဲ့ကို သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွက် အစည်းအဝေးနှစ်ရပ်သည် နိုင်ငံတော် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်ကို ဆွေးနွေးသတ်မှတ်ရန် အရေးကြီး အစည်းအဝေးများ ဖြစ်ကြောင်း၊ မိမိအနေနှင့် တရုတ်ခေါင်းဆောင်များသည် ပြောကြားသည့် မိန့်ခွန်းများ၊ ထုတ်ပြန်သည့် ကြေညာချက်များနှင့် သတင်းစာ ရှင်းလင်းပွဲများတွင် ရှေ့သို့ လျှောက်လှမ်းမည့် ဦးတည်ချက်ကို ရှင်းလင်းပြတ်သားစွာဖော်ပြထားပြီဟု ယူဆကြောင်း၊ တရုတ်နိုင်ငံသည် သတ်မှတ်ထားသော ဦးတည်ချက်သို့ လျှောက်လှမ်းပြီး စည်ပင်သာယာမှုကို ထိန်းထားကာ အခြားနိုင်ငံများ၊ အထူးသဖြင့် စင်္ကာပူအပါအဝင် အာရှနိုင်ငံများနှင့် ကောင်းမွန်သော အပြန်အလှန်အကျိုးရှိစေသောဆက်ဆံရေးကို ဆက်လက် ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့ မျှော်လင့်ထားကြောင်း China Media Groupမှ အင်တာဗျူးကို လက်ခံရာတွင် ပြောကြားခဲ့ပါသည်။