Yugoslaviaကို နေတိုးအဖွဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ၂၄နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆာဗီးယား နေရာများစွာ၌ အထိမ်းအမှတ် လှုပ်ရှားမှုများကျင်းပ

(GMT+08:00)2023-03-25 13:47:54  

မတ်လ ၂၄ရက်နေ့က Yugoslaviaကို နေတိုးအဖွဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ၂၄နှစ်မြောက် နှစ်ပတ်လည်ကို အထိမ်းအမှတ်ပြုသည့်အနေဖြင့် ဆာဗီးယားနိုင်ငံ နေရာများစွာ၌ လှုပ်ရှားမှုများ ကျင်းပခဲ့ပါသည်။

စွန်ပိုလ်သည် Yugoslaviaကို နေတိုးအဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် လေကြောင်း တိုက်ခိုက်မှုခံခဲ့ရသော ပထမဆုံးမြို့ဖြစ်ပါသည်။ ၂၄ရက်နေ့ညက စွန်ပိုလ်မြို့၌ ပြည်လုံးဆိုင်ရာ အထိမ်းအမှတ်လှုပ်ရှားမှုကို ကျင်းပခဲ့ပါသည်။ ဆာဗီးယားနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့အဓိကအရာရှိများသည် ယင်းလှုပ်ရှားမှုသို့ တက်ရောက်ခဲ့ကြပါသည်။ ယင်းလှုပ်ရှားမှု၏ဆောင်ပုဒ်မှာ “တတ်နိုင်ရင် ခွင့်လွှတ်ဖို့ ရွေးချယ်မှာပါ၊ ဒါပေမဲ့ သေဆုံးတဲ့အခါမှသာ မေ့သွားမယ်” ဖြစ်ပါသည်။