တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘောဒီးယားကို အကျိုးပြုသည်ဟု ဟုန်ဆင်ဆို

(GMT+08:00)2023-03-25 13:50:49  

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘောဒီးယားကို အကျိုးပြုသည်ဟု ဟုန်ဆင်၏ ပြောကြားခြင်း နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယင်းသည် ဒေသတွင်း နိုင်ငံများက ပဋိပက္ခမပြုဘဲ ငြိမ်းချမ်းမှု လိုအပ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုမပြုဘဲ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကာ ခြိမ်းခြောက်အကျပ်ကိုင်မှုနှင့်အနိုင်ကျင့်မှုကို ဆန့်ကျင်သည့် သဘောထား ရပ်တည်ချက်ကို အပြည့်အဝ ပြသထားကြောင်း၊ ဒေသတွင်းတွင် ကွင်းငယ်များဖွဲ့စည်းကာ နိုင်ငံချင်း ဆက်စပ်မှု ဖြတ်တောက်ရန် အတင်းအကျပ် တွန်းအားပေးခြင်းက လူကြိုက်များမည် မဟုတ်ဟုလည်း အပြည့်အဝ ပြသထားကြောင်း ၂၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် အာဆီယံတစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သူမျှ တားဆီးအားနည်းစေနိုင်မည် မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟုန်ဆင်က မကြာခင်က ပြောကြားခဲ့ပါသည်။