Airbus၏ Tianjin အထွေထွေ တပ်ဆင်ထုတ်လုပ်ရေးလိုင်းမှ ပထမဆုံး A321လေယာဉ်ကို လွှဲပြောင်းပေးအပ်

(GMT+08:00)2023-03-25 13:54:32  

ယခုလ ၂၄ရက်နေ့က တရုတ်ပြည် Tianjinမြို့ရှိ Airbus A320 လေယာဉ်များ၏ အာရှ အထွေထွေ တပ်ဆင်ထုတ်လုပ်ရေးလိုင်းမှ တရုတ်ပြည်တွင် တပ်ဆင်ထုတ်လုပ်သော ပထမဆုံး Airbus A321လေယာဉ်ကို Juneyao Airlines ကုမ္ပဏီထံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလက Airbus A321လေယာဉ်ကို Tianjinမြို့ရှိ Airbus A320 လေယာဉ်များ၏ အာရှ အထွေထွေ တပ်ဆင်ထုတ်လုပ်ရေးလိုင်းမှ တရားဝင် စတင် တပ်ဆင်ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ၄င်းအထွေထွေ တပ်ဆင်ထုတ်လုပ်ရေးလိုင်းသည် Airbus A320လေယာဉ် မျိုးစုံကို ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။