TikTok CEO သည် အမေရိကန်လွှတ်တော်၏ကြားနာစစ်ဆေးပွဲသို့ တက်ရောက်

(GMT+08:00)2023-03-25 13:51:21  

TikTok ၏ CEO ဖြစ်သူက အမေရိကန်လွှတ်တော်၏ ကြားနာစစ်ဆေးပွဲသို့ တက်ရောက်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်နိုင်ငံ အနေနှင့် ဈေးကွက်စီးပွားရေးနှင့် တရားမျှတသော ယှဉ်ပြိုင်မှုဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာသင့်ပြီး အခြားနိုင်ငံများမှ ကုမ္ပဏီများ အပေါ် အကြောင်းမဲ့သက်သက် ဖိနှိပ်ခြင်းကို ရပ်စဲသင့်ကြောင်း ယမန်နေ့ ၂၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။