ဘရာဇီးရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများတိုက်ဖျက်ရေး လှုပ်ရှားမှု ဆောင်ရွက်ပြီး ထွက်ပြေးသူတစ်ယောက်အား ပစ်ခတ်ဖမ်းဆီး

(GMT+08:00)2023-03-24 13:03:03  

မတ်လ ၂၃ရက်နေ့က ဘရာဇီးနိုင်ငံ ရဲတပ်ဖွဲ့သည် ဘရာဇီးအရှေ့တောင်ပိုင်း Rio de Janeiroပြည်နယ် Sao Goncaloမြို့၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများ တိုက်ဖျက်ရေးလှုပ်ရှားမှု တစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်လှုပ်ရှားမှု၏ အဓိကတိုက်ဖျက်ရေးပစ်မှတ်မှာ ထွက်ပြေးနေသော မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသောခေါင်းဆောင်ဖြစ်သူ Leonardo Araujoဖြစ်ကာ ထွက်ပြေးခဲ့သဖြင့် ပစ်သတ်ခဲ့ပြီး အခြား သေဆုံးသူများ၏နာမည်များကို ထုတ်ပြန် ခြင်းမရှိသေးပါ။

ဘရာဇီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သောသတင်းအရ Leonardo Araujoသည် ဘရာဇီးမြောက်ပိုင်း Paraပြည်နယ်မှ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၏ ခေါင်းဆောင်ဖြစ်ပြီး Paraပြည်နယ်၌ ရဲဝန်ထမ်း (၄၀)ကျော် သေဆုံးမှု မှာ တာဝန်ရှိ ကြောင်း သိရပါသည်။