တရုတ်ကျန်းစူးပြည်နယ်ဝူရှီးမြို့မှာ smart မောင်းသူမဲ့ မီနီဘတ်စ် အစီး ၅၀ ပြေးဆွဲပြီး မောင်းသူမဲ့မိုက်ခရိုလည်ပတ်ချိတ်ဆက်မှုပို့ဆောင်ရေးစနစ်တစ်ခုဖြစ်လာ

(GMT+08:00)2023-03-24 12:48:52  

မတ်လ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံကျန်းစူးပြည်နယ်ဝူရှီးမြို့မှာ ခရီးသည်တစ်ဦး မောင်းသူမဲ့ မီနီဘတ်စ်ကားပေါ်မှဆင်းလာတာကိုတွေ့ရပါသည်။ ယခုနှစ် မတ်လအစောပိုင်းက တရုတ်နိုင်ငံကျန်းစူး ပြည်နယ် ဝူရှီးမြို့မှာ smart မောင်းသူမဲ့ မီနီဘတ်စ် အစီး ၅၀ ပြေးဆွဲခဲ့ပြီး  သတ်မှတ်ထားသော နေရာများတွင် မြူနီစီပယ်ဘတ်စ်ကားများကို မိုက်ခရိုလည်ပတ်မှုပို့ဆောင်ရေးစနစ်သို့ ချိတ်ဆက်ရန်အတွက် အသုံးပြုခဲ့ပါသည်။ ၎င်းသည် လက်ရှိတွင် တရုတ်နိုင်ငံတွင် အကြီးဆုံး မောင်းသူမဲ့ မိုက်ခရိုလည်ပတ်ချိတ်ဆက်မှုစနစ်ဖြစ်ကြောင်း သတင်းရရှိပါသည်။