ထိုင်းနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ပိတ်သိမ်းထားသည့် ရွှေတွင်းတစ်ခုကို ပြန်လည်ဖွင့်လှစ်

(GMT+08:00)2023-03-24 11:12:40  

ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ အငြင်းပွားဖွယ်ရာ ရွှေတွင်းတစ်ခုကို  ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပထမအသုတ် ရွှေတုံးများကို စတင်ထုတ်လုပ်ခဲ့ပါသည်။ လွန်ခဲ့သည့် ခြောက်နှစ်တုန်းက ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကြောင့် အစိုးရက ယင်းရွှေတွင်း၏ ထုတ်လုပ်မှုလုပ်ငန်းများကို ရပ်ဆိုင်းရန် အမိန့်ချခဲ့ပါသည်။