အမေရိကန် ထောက်လှမ်းရေးဌာနက အတုလုပ်ပြန်ပြီလား၊ " Nord Stream " ဖြစ်ရပ်ကို သေချာစွာ စုံစမ်းစစ်ဆေးသင့်သည်

(GMT+08:00)2023-03-24 11:26:57  

ဒေသစံတော်ချိန် မတ်လ ၂၂ ရက်နေ့၌ အမေရိကန် ဝါရင့်စုံစမ်းစစ်ဆေးရေး သတင်းထောက် Seymour Hersh က "ယူကရိန်းအစိုးရကို လိုလားသူ" ဟူသောအဖွဲ့သည် " Nord Stream " ပိုက်လိုင်းကို ဗုံးကြဲခဲ့သည့် သတင်းသည် သတင်းအတုဖြစ်ကြောင်း၊ ယင်းသတင်းအတုသည် အမှန်တရားကိုဖုံးကွယ်ရန် အမေရိကန်ထောက်လှမ်းရေးဌာနက သက်ဆိုင်ရာအမိန့်အရ ဖန်တီးဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း ဆိုရှယ်ပလက်ဖောင်းပေါ်တွင် ထပ်မံတင်ခဲ့ပါသည်။ ဤတစ်ကြိမ်တွင်လည်း Hersh သည် အသေးစိတ်အချက်အလက်နှင့် အထောက်အထားများစွာကိုပေးခဲ့သည်။ ယခုလအစောပိုင်းတွင် ဂျာမဏီဝန်ကြီးချုပ် Scholz ၏အမေရိကန်နိုင်ငံသို့လာရောက်လည်ပတ်စဉ်အတွင်း North Stream ဗုံးကြဲတိုက်ခိုက်မှုဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ Biden နှင့် ဆွေးနွေးခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကားဖော်ပြထားပါသည်။ နောက်ပိုင်းတွင် CIA သည် ဂျာမဏီထောက်လှမ်းရေးဌာနနှင့် ပူးပေါင်းပြီး " North Stream " ပိုက်လိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အမှန်တရားကိုဖုံးကွယ်ရန်အတွက် ဆောင်ရွက်ရမည့်တာဝန်ကို လက်ခံခဲ့ သည်။

     Hersh ၏နောက်ဆုံးပေါ်ထွက်ဆိုချက်သည် အမှန်ဖြစ်ပါက " North Stream " ဖြစ်ရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂက နိုင်ငံတကာစုံစမ်းစစ်ဆေးမှုကို ဦးဆောင်ပြီး အမှန်တရားကို အမြန်ရှာဖွေရန် ပို၍ပင်လိုအပ်ပါသည်။ ဂျာမဏီဝန်ကြီးချုပ်၏ အမေရိကန်ခရီးစဉ်ပြီးဆုံးပြီး ရက်အနည်းငယ်အကြာတွင် အမေရိကန် "နယူးယော့ခ်တိုင်းမ်" နှင့် ဂျာမဏီ "ဒီဇိုက်" တို့သည် " North Stream " ဖြစ်ရပ် နောက်ကွက်က black hand မှာ "ယူကရိန်းလိုလားသူ" အဖွဲ့ဖြစ်သည်ဟူသော သတင်းများကို တပြိုင်နက်တည်း ထုတ်ပြန်ခဲ့သည်ကို လူအများသတိပြုမိခဲ့ပါသည်။

" North Stream " ပိုက်လိုင်းကို "ယူကရိန်းအစိုးရလိုလားသူ" ဟူသောအဖွဲ့က ဖောက်ခွဲခဲ့ သည့် သတင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုက်အဝန်းက မေးခွန်းများစွာ ထုတ်ခဲ့ကြ သည်။ " North Stream " ပိုက်လိုင်း၏ ပျက်စီးသွားသော အပိုင်းသည် သပ်ရပ်ပြီး ပေါက်ကွဲခြင်း၏ တွက်ချက်မှု အလွန်မှန်ကန်သည်ဟု ပြဆိုကာ ကမ္ဘာ့ထိပ်တန်း စစ်ဘက် အထူးတပ်ဖွဲ့များမှလွဲ၍ အရပ်ဘက်အဖွဲ့အစည်းများသည် ထိုကဲ့သို့သောတာဝန်များကို ပြီးမြောက်ရန် အလွန်ခက်ခဲပါသည်။ "North Stream" ပိုက်လိုင်းကို ဖောက်ခွဲခြင်းမှာ လုပ်ဆောင်ရမည့်ပမာဏများစွာ လိုအပ်ပြီး အမေရိကန်တစ်နိုင်ငံတည်းသာ ဤပျက်စီးခြင်း အား စေ့ဆော်မှုနှင့် တွန်းအားပေးနိုင်စွမ်း နှစ်ခုစလုံးရှိသည်။ အမေရိကန်နှင့် ဂျာမဏီ မီဒီယာများ၏ သက်ဆိုင်ရာ သတင်းများသည် လူအများကို မယုံကြည်စေနိုင်ရုံသာမက အမှန်တရားကို ဖုံးကွယ်ထားသည့်သံသယဖြစ်စေကာ Hersh ဖော်ထုတ်မှုအား ယုံကြည်စိတ်ချမှု  တိုးမြင့်စေသည်ကို တွေ့မြင်နိုင်ပါသည်။