၂၃ကြိမ်မြောက် ဘေကျင်း နိုင်ငံတကာ အိမ်ခန်းတွဲကားများပြပွဲကို ကျင်းပ

(GMT+08:00)2023-03-24 13:52:22  

မတ်လ ၂၃ ရက်နေ့တွင် ၂၃ကြိမ်မြောက် တရုတ်နိုင်ငံ(ဘေကျင်း)နိုင်ငံတကာ အိမ်ခန်းတွဲကားများနှင့် စခန်းချခြင်းပစ္စည်းများပြပွဲကို ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ယင်းပြပွဲတွင် အိမ်ခန်းတွဲကား၊ အိမ်ခန်းတွဲကား အပိုပစ္စည်းများ၊ ပြင်ပသုံးပစ္စည်းများ၊ စခန်းချခြင်းနှင့် ခရီးသွားသုံးပစ္စည်းများစသည့် အိမ်ခန်းတွဲကားလုပ်ငန်းနယ်ပယ် ထုတ်ကုန်များကို ပြသထားပါသည်။