အိန္ဒိယနိုင်ငံတွင် အာရှ၏ ပထမဆုံး မိကျောင်းရေအောက်ပြခန်း တည်ဆောက်

(GMT+08:00)2023-03-24 13:33:36  

        ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ တိရစ္ဆာန်ရုံတစ်ရုံတွင် အာရှတိုက်မှ ပထမဆုံးသော မိကျောင်းရေအောက်ပြခန်းကို တည်ဆောက်လျက်ရှိပါသည်။ ယင်းပြခန်းတွင် မိကျောင်း ၁၀ ကောင်ခန့် ရေအောက်မှာ ရေကူးနေပုံနှင့် ကုန်းပတ်ပေါ်မှာ နေလန်းနေပုံများကို မြင်တွေ့နိုင်သည့်အခန်းလည်းပါဝင်ပါသည်။ ယင်းပြခန်းအကျယ်အဝန်းမှာ စုစုပေါင်း စတုရန်းမီတာ ၃၀၀၀ခန့် ရှိပြီး စတုရန်းမီတာ ၁၅၀၀ က မိကျောင်းများအတွက် သီးသန့်ဖြစ်ပါသည်။ ယင်းပြခန်းကို ၂၀၂၄ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။