ယူကရိန်း၏ လက်နက်များကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောပြီး ယူကရိန်းက ရုရှား၏ တိုက်ခိုက်မှုများကို တွန်းလှန်ပြီဖြစ်ကြောင်း ဖော်ပြ

(GMT+08:00)2023-03-24 13:51:41  

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့သည် Kupyansk၊ Krasnyi Liman နှင့် Donetsk စသည့်ဒေသများရှိ ယူကရိန်းတပ်ဖွဲ့ဝင်များ၊ လက်နက်များ၊ လောင်စာဆီနှင့် ခဲယမ်းမီးကျောက်ထားရှိရာနေရာစသည်တို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းဘက်၏ တင့်ကားများ၊ သံချပ်ကာကားများနှင့် အမေရိကန်လုပ် M777 အမြောက် တစ်လုံးကို ဖျက်စီးပြီး ဒုံးပျံကျည် ၅ စင်းကို ကြားဖြတ်တားဆီးကာ ဒရုန်းများစွာကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

ယူကရိန်းတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ရုံးမှ မတ်လ၂၃ ရက်နေ့တွင် စစ်ရေးအကြောင်းကို ထုတ်ပြန်ရာတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့သည် Krasnyi Limanနှင့် Bakhmut စသည့်ဒေသများတွင် ရုရှားစစ်တပ်၏ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့သည် ရုရှားစစ်ဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် စစ်လက်နက်ပစ္စည်းများ စုစည်းရာနေရာများ၊ လူအင်အား စုစည်းရာနေရာများနှင့် ခဲယမ်းမီးကျောက်များ ထားရှိရာနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။