အပူပိုင်းလေပွေ Freddy ကြောင့် မာလာဝီတွင် လူ ၅၀၇ ဦး သေဆုံး

(GMT+08:00)2023-03-23 15:53:58  

ဒေသစံတော်ချိန် ယခုလ ၂၂ ရက်နေ့က မာလာဝီနိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန မှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ အပူပိုင်းလေပွေ Freddy ကြောင့် မာလာဝီတွင် ဖြစ်ပေါ်ခဲ့သော သဘာဝဘေးဒဏ်များ၌ လူ ၅၀၇ ဦးသေဆုံးပြီး၊ ၁၃၃၂ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ပျောက်ဆုံးနေသူများလည်း ၄၂၇ ဦး မှ ၅၃၇ ဦးအထိ တိုးလာခဲ့သည် ဟု သတင်းအရ သိရပါသည်။

  ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီနှင့် ပံ့ပိုးမှုအင်အားများသည် မာလာဝီသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိနေသည်ဟု သတင်းအရသိရပါသည်။