မုန်တိုင်းကြောင့် ကန် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတွင် ၅ ဦး သေဆုံး

(GMT+08:00)2023-03-23 15:53:03  

    ဒေသစံတော်ချိန် ၂၂ ရက်နေ့ မွန်းလွဲပိုင်းအထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသတွင် မုန်တိုင်းဒဏ်ကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအစိုးရက အတည်ပြုခဲ့ပါသည်။

        ၂၂ ရက်နေ့ မွန်းတည့်ချိန်လောက်တွင် ပင်လယ်အော်ဒေသမှာ နေထိုင်သော မိသားစု ၇၈၀၀၀ ကျော်တို့သည် လျှပ်စစ်မီးပြတ်တောက်မှု ကြုံတွေ့ခဲ့ကြောင်း ပစိဖိတ် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ကုမ္ပဏီ(PG&E) မှ မှတ်တမ်းအရ သိရပါသည်။