“တရုတ် ပုံစံ ခေတ်မီရေးနှင့် ကမ္ဘာ့ အခွင့်ကောင်းသစ်” တရုတ်-ရုရှား စားပွဲဝိုင်း ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပ

(GMT+08:00)2023-03-23 15:43:56  

ဒေသ စံတော်ချိန် ယခုလ ၂၂ရက်နေ့က China Media Groupနှင့် ယနေ့ရုရှား(RT) နိုင်ငံတကာ မီဒီယာ အုပ်စုတို့ ပူးတွဲ ဦးစီး ကျင်းပသော “တရုတ် ပုံစံ ခေတ်မီရေးနှင့် ကမ္ဘာ့ အခွင့်ကောင်းသစ်” တရုတ်-ရုရှား စားပွဲဝိုင်း ဆွေးနွေးပွဲသည် မော်စကို နိုင်ငံတကာ ဆက်ဆံရေး အကယ်ဒမီတွင် ကျင်းပခဲ့ပါသည်။

တရုတ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုန်၊ ရုရှား အဓိက မီဒီယာ ဌာနများနှင့် တက္ကသိုလ်ကောလိပ်ကျောင်းများမှ တာဝန်ခံများ၊ တရုတ်နှင့် ရုရှား နှစ်နိုင်ငံတို့မှ အစိုးရ အရာရှိများနှင့် ပညာရှင် ကိုယ်စားလှယ်များစသည့် ပုဂ္ဂိုလ်များသည် “ကိုယ့်နိုင်ငံ ဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသော ခေတ်မီရေး လမ်းကြောင်း”ဟူသော ဆောင်ပုဒ်နှင့် ပတ်သက်၍ ဆွေးနွေးပြီး အမြင်သဘောထားများကို မျှဝေခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်ကြသော ဧည့်သည်တော်များက တရုတ်ပြည်သည် ကိုယ့်နိုင်ငံ ဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသော ခေတ်မီရေး လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီး အခြားနိုင်ငံများ၏ စူးစမ်းရှာဖွေရေး အတွက် အောင်မြင်သော စံနမူနာကို စိုက်ထူကာ လူသား ယဉ်ကျေးမှု အတွက် နည်းလမ်းသစ်ကို ဖွင့်လှစ်ပေးခဲ့သည်ဟု တညီတညွတ်တည်း ယူဆကြပါသည်။