အာဖရိကရှိ ကလေး သန်ပေါင်း ၁၉၀ ရေအရင်းအမြစ်နှင့် ပတ်သက်သည့် စိုးရိမ်မှု သုံးရပ်ကို ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂဆို

(GMT+08:00)2023-03-23 15:55:55  

သမိုင်းဝင် အဓိပ္ပါယ်ရှိသော ကုလသမဂ္ဂရေနှင့်ပတ်သက်သည့်ညီလာခံ မကျင်းပမီတွင် UNICEFမှ ထုတ်ပြန်ခဲ့သော နောက်ဆုံးရ သုတေသနစာရင်းအရ အာဖရိက ၁၀ နိုင်ငံမှ ကလေး သန်းပေါင်း ၁၉၀ သည် ရေ၊ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သန့်ရှင်းရေးဝန်ဆောင်မှု ချို့တဲ့မှု အပါအဝင် ရေနှင့် ပတ်သက်သည့် စိုးရိမ်မှု သုံးရပ်ကို ရင်ဆိုင်နေရကြောင်း၊  အခြေအနေ အပြင်းထန်ဆုံး အာဖရိက ၁၀ နိုင်ငံမှာ ဘီနင်၊ ဘာကီနာဖာဆို၊ ကင်မရွန်း၊ ချဒ်၊ ကုတ်ဒီဗွား၊ ဂီနီ၊ မာလီ၊ နိုင်ဂျာ၊ နိုင်ဂျီးရီးယားနှင့် ဆိုမာလီတို့ဖြစ်ကြောင်း သိရပါသည်။