ဆွီဒင်ပါလီမန်သည် နေတိုးအဖွဲ့တွင် ပါဝင်ရန် ခွင့်ပြု

(GMT+08:00)2023-03-23 15:55:30  

     မတ်လ ၂၂ ရက်နေ့က ဆွီဒင်ပါလီမန်သည် ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရန် အဆိုပြုချက်ကို မဲပေးဆုံးဖြတ်ကာ ခွင့်ပြုခဲ့ပါသည်။

        နေတိုးအဖွဲ့တွင် ပါဝင်ရန် ဆုံးဖြတ်ချက်သည် ဆွီဒင်နိုင်ငံ၏ လွတ်လပ်ရေးအပေါ် ဂယက်ရိုက်ခတ်မှုရှိကြောင်း ဆွီဒင် လူမှု ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝေါလ်စထရုမ်က ၂၂ ရက်နေ့က ဆိုပါသည်။

        ဆွီဒင်နိုင်ငံသည် နျူကလီးယားလက်နက်များအပေါ် လွှမ်းမိုးမှု အခြေချသော မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်းသည် ဆွီဒင်နိုင်ငံ၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒ နယ်ပယ် ကျဉ်းမြောင်းစေပြီး အခြားသော ပဋိပက္ခများထဲသို့ ဆွဲသွင်းသွားနိုင်ဖွယ်ရာရှိကြောင်း ဆွီဒင် လက်ဝဲပါတီနှင့် ပတ်ဝန်းကျင်ပါတီတို့က ပြစ်တင်ဝေဖန်ခဲ့ကြပါသည်။