ရှီကျင့်ဖိန်၏ ရုရှားနိုင်ငံခရီးစဉ်ပြီးဆုံးပြီဖြစ်၍ ဘေကျင်းသို့ ပြန်လည်ရောက်ရှိ

(GMT+08:00)2023-03-23 15:51:57  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံခရီးစဉ် ပြီးဆုံးပြီဖြစ်၍ မတ်လ ၂၂ ရက်နေ့ ညတွင် ဘေကျင်းသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရုံး ဥက္ကဋ္ဌဆိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊  ဗဟိုနိုင်ငံခြားရေးရာ ကော်မတီရုံးဥက္ကဋ္ဌ ဝမ်ယိ၊ နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်း စသည့် လိုက်ပါသွားသော အရာရှိများလည်း လေယာဉ်နှင့် အတူတူ ပြန်လည် ရောက်ရှိခဲ့ပါသည်။