တရုတ်နိုင်ငံသမ္မတမှ မာလာဝီနိုင်ငံသမ္မတနှင့် မိုဇမ်းဘစ်နိုင်ငံသမ္မတထံသို့ ဝမ်းနည်း ကြောင်းသဝဏ်လွှာ အသီးသီးပေးပို့

(GMT+08:00)2023-03-23 15:54:34  

မတ်လ ၂၀ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် မာလာဝီနိုင်ငံနှင့် မိုဇမ်းဘစ်နိုင်ငံတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုခံရခြင်းနှင့်ပတ်သက်၍ မာလာဝီနိုင်ငံသမ္မတ Lazarus McCarthy Chakwera နှင့် မိုဇမ်းဘစ်နိုင်ငံသမ္မတ Filipe Nyusi ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ပါသည်။

ထိုသို့ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန် က အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း Freddy တိုက်ခတ်မှုကြောင့် မာလာဝီနိုင်ငံနှင့် မိုဇမ်းဘစ်နိုင်ငံတွင် ပြင်းထန်သော လူသေကြေအနာတရဖြစ်မှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးနစ်နာမှုများ ခံခဲ့ရခြင်းကို ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများအတွက် ဝမ်းနည်း ကြေကွဲကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအား နှစ်သိမ့်အားပေးကြောင်း ပြောကြားလိုကြောင်း၊ အဆွေတော်နိုင်ငံများ ဘေးအန္တရာယ်များ ကို ခုခံကျော်လွှားပြီး ဇာတိမြေကို ပြန်လည်တည်ဆောက်နိုင်ရန် ယုံကြည်ကြောင်း ဖော်ပြခဲ့ပါသည်။