အမေရိကန်မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ် နိုင်ငံအသီးသီး လူ့အခွင့်အရေး အစီရင်ခံစာတွင် နိုင်ငံရေး လိမ်ညာမှုများနှင့် အတွေးအခေါ်ဆိုင်ရာ အထင်လွဲမှုများ ပြည့်နှက်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-03-22 12:39:47  

မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်မှ ထုတ်ပြန်သည့် ၂၀၂၂ခုနှစ် နိုင်ငံအသီးသီး လူ့အခွင့်အရေး အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာများသည် နိုင်ငံရေး လိမ်ညာမှုများနှင့် အတွေးအခေါ်ဆိုင်ရာ အထင်လွဲမှုများ ပြည့်နှက်နေကြောင်း၊ အမေရိကန်က တစ်နှစ်ပြီးတစ်နှစ် ထုတ်ပြန်သော လူ့အခွင့်အရေး အစီရင်ခံစာကနေ လူအများ မြင်နေရသည်မှာ နိုင်ငံအသီးသီး၏ “လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ” မဟုတ်ဘဲ အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှုနှင့်  မိမိအပေါ် တစ်မျိုး၊ သူများအပေါ် တစ်မျိုး ဟူသော သူတော်ကောင်းဟန်ဆောင်သည့် စံနှစ်ထပ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။