“အမေရိကန်ပုံစံဒီမိုကရေစီ”ရဲ့ ဘေးဒဏ် ခံရတာအီရတ်နိုင်ငံဘယ်ကမလဲ

(GMT+08:00)2023-03-22 12:01:07  

ဒေသစံတော်ချိန် မတ်လ ၂၀ ရက်နေ့ကအမေရိကန် Atlantic Weeklyဝက်ဘ်ဆိုက်မှာဆောင်းပါးတစ်ပုဒ် ထုတ်ပြန်ပြီး “စစ်ပြီးချိန်မှာပေါ်လာခဲ့တဲ့ ရှုပ်ထွေးမှု ကိစ္စတွေဟာအီရတ် စစ်ပွဲကအစကတည်းကပဲမှားယွင်းချက် တစ်ရပ်၊ ဘေးအန္တရာယ် တစ်ခု ဖြစ်တာကိုသက်သေ ပြလိုက်တယ်”လို့ ရေးသားထောက်ပြခဲ့ပါတယ်။

   ပြီးခဲ့တဲ့ အနှစ် ၂၀ တုန်းကမတ်လ ၂၀ ရက်နေ့မှာအမေရိကန်က “အီရတ်ဟာအတုံးအရုံးသေကျေစေနိုင်တဲ့လက်နက်များပိုင်ဆိုင်တယ်” ဆိုတာကိုအကြောင်းပြပြီး ၄င်းရဲ့ အနောက်တိုင်းမဟာမိတ်များနဲ့ စုပေါင်းပြီးအီရတ်နိုင်ငံကို ကျူးကျော်ခဲ့ကာအရပ်သူအရပ်သား ၂ သိန်းကျော် သေကျေဒဏ်ရာရရှိစေခဲ့ပြီးလူ ၉ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။ နှစ် ၂၀ ကုန်လွန်သွားပြီ။ ဒါပေမယ့် ယခုအချိန် အထိအမေရိကန်ကအီရတ်အတုံးအရုံးသေကျေစေနိုင်တဲ့လက်နက်များပိုင်ဆိုင်ခြင်းဆိုင်ရာထင်ရှားသောသက်သေအထောက်အထားမပြနိုင်သေးဘူး။ ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံ ဖြစ်တဲ့ အီရတ်နိုင်ငံကတော့ စစ်ဘေးဒုက္ခများစွာခံခဲ့ရပြီး “အမေရိကန်ပုံစံဒီမိုကရေစီ”ရဲ့ သားကောင် ဖြစ်လာခဲ့ရပါတယ်။

   ၂၀၀၁ ခုနှစ်မှ စပြီးအမေရိကန်ကအကြမ်းဖက်မှု တိုက်ဖျက်ရေးအကြောင်းပြချက်နဲ့ နိုင်ငံတကာမှာစစ်ပွဲများကိုလှုံ့ဆော် ပြုလုပ်ခဲ့ပြီးလူပေါင်း ၉ သိန်းကျော် သေဆုံးစေခဲ့ပြီးသေဆုံးသူတွေထဲမှာ ၃.၃၅ သိန်းလောက် အရပ်သူအရပ်သားများ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစစ်ပွဲ များကြောင့် လူသန်းချီဒဏ်ရာရရှိစေကာလူကုဋေချီအိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ရပါတယ်။

တစ်ချိန်တည်းမှာအမေရိကန်ကဒီမိုကရေစီအကြောင်းပြချက်နဲ့ နိုင်ငံတကာမှာအရေးယူပိတ်ဆို့မှုများကို ပြုလုပ်နေခဲ့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းဆယ်နဲ့ချီပြီးအမေရိကန်က ကျူးဘား၊ ဆီးရီးယား၊ ဇင်ဘာဘွေ စတဲ့နိုင်ငံများအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများနဲ့ လက်တံရှည် စီမံအုပ်ချုပ်မှုများကို ပြုလုပ်ခဲ့တယ်၊ မြောက်ကိုရီးယား၊ အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကိုအလွန်အကျွံ ဖိအားပေးဆောင်ရွက်ခဲ့တယ်။ အာဖဂန်နစ္စတန်နိုင်ငံဗဟိုဘဏ်ရဲ့ ဘဏ်ငွေများကိုလည်းချိတ်ပိတ်ခဲ့တယ်။ အခြားနိုင်ငံများကိုအနိုင်ကျင့်မှုနဲ့ ဗိုလ်ကျ ရမ်းကားမှုများ ပြုလုပ်ခြင်းဟာ “အမေရိကန်ပုံစံဒီမိုကရေစီ”ရဲ့ စစ်မှန်သောအမှတ်အသား ဖြစ်နေပြီလို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖေါ်ပြထားပါတယ်။