၁၂၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်တွင် ပူးတွဲကင်းလှည့်ရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် စတင်

(GMT+08:00)2023-03-22 16:00:29  

ယခုလ ၂၁ ရက်နေ့က ၂၀၂၃ ခုနှစ် တရုတ်-လာအို-မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မှုခင်းများ ပူးတွဲတိုက်ဖျက်ရေးအထူးလုပ်ဆောင်မှုနှင့် ၁၂၇ ကြိမ်မြောက် တရုတ်-လာအို -မြန်မာ-ထိုင်း မဲခေါင်မြစ်တွင် ပူးတွဲကင်းလှည့်ရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် တရားဝင်စတင်ခဲ့သည်ဟု သတင်းအရသိရပါသည်။

စတင်ပွဲအခမ်းအနားကို ယူနန်ပြည်နယ် ရှစ်ဆောင်ဘန္နား ကျင်ဟာ-ဆိပ်ကမ်းတွင် ကျင်းပပြီး၊ တရုတ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေးလှေ ၃ စီးသည် ရှစ်ဆောင်ဘန္နား ကျင်ဟာနှင့် ကွမ်းလေ ဆိပ်ကမ်းများမှ အသီးသီးထွက်ခွာသကဲ့သို့ လာအိုနှင့် မြန်မာနိုင်ငံမှ တရားဥပဒေစိုးမိုးရေးလှေ ၄ စီးတို့သည်လည်း လာအိုနှင့် မြန်မာနိုင်ငံများမှ တချိန်ထဲ ထွက်ခွာခဲ့ကြသည်ဟု သတင်းအရသိရပါသည်။