ပြင်သစ် လွှတ်တော်သည် အစိုးရ၏ အငြိမ်းစားယူခြင်း စနစ် ပြုပြင်ပြောင်းလဲမှု အဆိုပြုချက် မူကြမ်းကို အတည်ပြု ပြဋ္ဌာန်း

(GMT+08:00)2023-03-22 16:03:01  

    ပြင်သစ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Yael Braun-Pivetက အမျိုးသား လွှတ်တော်သည် ယခုလ ၂၀ရက်နေ့က မဲခွဲဆုံးဖြတ်ခြင်းဖြင့် အတိုက်အခံ ပါတီ တင်ပြသော အစိုးရ အပေါ် မယုံကြည်မှု အဆိုပြုချက် မူကြမ်း ၂ရပ်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြောင်း၊ ယင်းသည် အစိုးရမှ တင်ပြသော အငြိမ်းစားယူခြင်း စနစ် ပြုပြင်ပြောင်းလဲမှု အဆိုပြုချက် မူကြမ်းကို အမျိုးသား လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီ ဖြစ်သည့် သဘောဆောင်နေကြောင်း ထိုနေ့ညက ကြေညာခဲ့ပါသည်။ ၄င်းပြုပြင်ပြောင်းလဲမှု အဆိုပြုချက် မူကြမ်း၏ အဓိက အကြောင်းအရာများတွင် ယခုနှစ် နွေရာသီ အကုန်ပိုင်းမှ ၂၀၃၀ပြည့်နှစ် အထိ ပြင်သစ်၏ ဥပဒေ သတ်မှတ်ထားသော အငြိမ်းစားယူသည့် အသက်အရွယ်မှာ လက်ရှိ ၆၂နှစ်မှ ၆၄နှစ် အထိ တဖြည်းဖြည်း ရွှေ့ဆိုင်းမည် စသည်များ ပါဝင်ပါသည်။