ယူကရိန်းအား ထောက်ပံ့ပေးမည့် စစ်ပွဲဝင်တင့်ကားများ အသုံးပြုသည့် ခဲယမ်းမီးကျောက်များတွင် ဒီဂရီနိမ့် ယူရေနီယံ ပါဝင်သော Armor Piercing shell ပါဝင်ဟု ဗြိတိန် အတည်ပြု

(GMT+08:00)2023-03-22 16:02:18  

ဒေသ စံတော်ချိန် ယခုလ ၂၁ရက်နေ့က ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ ဗြိတိန်မှ ယူကရိန်းအား ထောက်ပံ့ပေးမည့် Challenger 2 စစ်ပွဲဝင်တင့်ကားများအသုံးပြုသည့် ခဲယမ်းမီးကျောက်များတွင် ဒီဂရီနိမ့် ယူရေနီယံ ပါဝင်သော Armor Piercing shell ပါဝင်ကြောင်း အတည်ပြုဖော်ပြပါသည်။

ထို့နောက် ရုရှား သမ္မတ ပူတင်က ဗြိတိန်ဘက်၏ ယင်းလုပ်ရပ်သည် “နျူကလီးယား အရာဝတ္ထု” ပါဝင်သည့် လက်နက်ကို စတင် အသုံးပြုရာ ကျရောက်ကြောင်း၊ ယင်းဖော်ပြချက်သည် တကယ့်အဖြစ်မှန်နှင့် ကိုက်ညီပါက ရုရှား အနေနှင့် သက်ဆိုင်ရာ တုံ့ပြန်မှုကို မဖြစ်မနေ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။