တရုတ်နှင့် ရုရှားထိပ်သီးခေါင်းဆောင်တို့သည် ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ငြိမ်းချမ်းသော ဆွေးနွေးပွဲနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် အလေးထားဖော်ပြ

(GMT+08:00)2023-03-22 16:09:29  

မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ပူတင်တို့သည် မော်စကို ကရင်မလင်နန်းတော်တွင် တရုတ်နှင့် ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရေး ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။

ယင်းကြေညာချက်တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံးပြန်လည်ပြုလုပ်စေရန် ကြိုးပမ်းမည်ဟု ထပ်လောင်းပြောကြားပြီး တရုတ်နိုင်ငံက ယင်းအပေါ် ချီးကျူးပါကြောင်း၊ အကျပ်အတည်း ပိုမိုဆိုးရွားပြီး မထိန်းချုပ်နိုင်သောအဆင့် မဖြစ်စေရန် အခြေအနေတင်းမာစေသော၊ စစ်ပွဲ အချိန်ကြာရှည်စွာ ဖြစ်ပွားစေသော လုပ်ရပ်များကို ရပ်ဆိုင်းရန် နှစ်ဖက်တို့က ပန်ကြားကြကြောင်း၊ နှစ်ဖက်တို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုချက်မပေးသော တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပါသည်။