ဆိုးရွားသော ရာသီဥတုကြောင့် အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် နေရာများစွာတွင် ရေလွှမ်းမိုးမှုဖြစ်ပွား

(GMT+08:00)2023-03-22 16:01:11  

ပြီးခဲ့သည့်ရက်များက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် နှင်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုစသည့် ရာသီဥတုဒဏ်များဆက်တိုက်ခံခဲ့ရသောကြောင့် နေရာများစွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး၊ လမ်းများပိတ်ဆို့ကာ ဒေသခံများ မလွှဲသာဘဲ ပြောင်းရွှေ့ခဲ့ကြရပါသည်။ မုန်တိုင်းကြောင့် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းကျမှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာနမှ ကြေညာခဲ့သည်ဟု သတင်းအရသိရပါသည်။