China Media Groupနှင့် ရုရှား ပြည်လုံးကျွတ် နိုင်ငံတော် ရုပ်မြင်သံကြားနှင့် အသံလွှင့် ဌာနတို့သည် သမိုင်းရုပ်သံဖိုင်များကိုပူးပေါင်းဖော်ထုတ်မည်

(GMT+08:00)2023-03-22 12:02:27  


တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ကရုရှားနိုင်ငံ၌ ခရီးလှည့်လည်နေစဉ် မတ်လ ၂၁ ရက်နေ့မှာChina Media Groupနှင့် ရုရှား ပြည်လုံးကျွတ် နိုင်ငံတော် ရုပ်မြင်သံကြားနှင့် အသံလွှင့် ဌာနတို့သည် မော်စကိုမြို့၌ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုပြီး၊ နှစ်ဖက် ထိပ်သီးခေါင်းဆောင်တို့ ရရှိခဲ့သည့်သဘောတူညီမှုများကိုနက်ရှိုင်းစွာဖော်ဆောင်မည် ဖြစ်၍ ကဏ္ဍစုံ၊ အဆင့်ပေါင်းစုံ၊ နယ်ပယ်မျိုးစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကိုတွန်းအားပေးမည် ဖြစ်ပါသည်။ နှစ်ဖက်တို့သည် သမိုင်းရုပ်သံဖိုင်များကိုပူးပေါင်းဖော်ထုတ် အသုံးပြုရန် တညီတညွတ်တည်းသဘောတူခဲ့ကြပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ China Media Groupဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ရုရှား ပြည်လုံးကျွတ် နိုင်ငံတော် ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနဒါရိုက်တာချုပ် ဒိုဘရော်ဂျဲ့ဖ်တို့သည် စာချုပ်ကိုလက်မှတ် ရေးထိုး ချုပ်ဆိုပြီးမိန့်ခွန်းပြောကြားခဲ့ကြပါသည်။ အခမ်းအနားတွင် ရုရှားပြည်လုံးကျွတ် နိုင်ငံတော် ရုပ်မြင်သံကြားနှင့် အသံလွှင့် ဌာနသည် China Media Groupအားတန်ဖိုးရှိသည့်သမိုင်းရုပ်သံဖိုင်များပထမအကြိမ်လှူဒါန်းပေးခဲ့ပါသည်။

ယင်းစာချုပ်အရChina Media Groupနှင့် ရုရှား ပြည်လုံးကျွတ် နိုင်ငံတော် ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနတို့သည် ကူးလူးဆက်ဆံရေးစနစ်ကိုတည်ထောင်မည် ဖြစ်ပြီးတစ်ဖက်သားနိုင်ငံ၏ သမိုင်းရုပ်သံဖိုင်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုအချိန်မီ မျှဝေမည် ဖြစ်ကြောင်း၊ သမိုင်းရုပ်သံဖိုင်များအားမွမ်းမံထိန်းသိမ်းကာကွယ်မှုများကိုလက်တွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ သမိုင်းရုပ်သံဖိုင်များဒစ်ဂျစ်တယ် မွမ်းမံထိန်းသိမ်းနည်းပညာပူးတွဲ လေ့လာမှုကိုအားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်းChina Media Group မှ သတင်းအရသိရပါသည်။