အာဖဂန်နစ္စတန်တွင် အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၉ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် အိမ်နီးချင်း ပါကစ္စတန်တွင် လူ ၃ ဦး သေဆုံး

(GMT+08:00)2023-03-22 16:03:39  

   မတ်လ ၂၂ ရက်နေ့ နံနက် သုည နာရီ ၄၇ မိနစ်တွင်  အာဖဂန်နစ္စတန်၌  အနက် မြေအောက်ကီလိုမီတာ ၂၃၀ ၊ မြောက်လတ္တီကျု ၃၆ ဒသမ ၅၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၇၀ ဒသမ ၈၀ ဒီဂရီတို့ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၉ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်မြေငလျင်ကွန်ရက်မှ တိုင်းထွာချက်အရ သိရပါသည်။

ငလျင်ဒဏ်ကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမာဘတ်မှာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါသည်။ မြေငလျင်ကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် လူ ၃ ဦးသေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့ပါသည်။