တရုတ်ချင်တူးမြို့ "Space Hibiscus" အစေ့ အညှောက် ပေါက်လာ

(GMT+08:00)2023-03-21 14:48:08  

မတ်လ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံချင်တူးမြို့မှာ "Space Hibiscus" မျိုးစေ့များ အညှောက် ပေါက်လာပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ ခေါင်ရမ်းစေ့ပေါင်း ၄၀၀၀ ကျော်ကို ၂ သုတ်ခွဲပြီး Shenzhou-14 နှင့် 15 အာကာသယာဉ်ပေါ်တွင် "အာကာသမျိုးပွားခြင်း" ကို စတင် ခဲ့ပြီး ၎င်းတို့၏ မွေးရပ်မြေ ဖြစ်တဲ့ တရုတ်နိုင်ငံချင်တူးမြို့ရုက္ခဗေဒ ဥယျာဉ်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ချင်တူးရုက္ခဗေဒဥယျာဉ်သိပ္ပံပညာ သုတေသနဌာနမှဝန်ထမ်းများသည် သုတေသနပျိုးခင်း စခန်းတွင် "space hibiscus" မျိုးစေ့ ၄၀၀၀ ကျော်နှင့်  မျိုးစပ်ခေါင်ရမ်းစေ့ပေါင်း ၄၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။ သိပ္ပံသုတေသီများ၏ ဂရုတစိုက် စိုက်ပျိုးမှုဖြင့် ဤမျိုးစေ့များသည် အမြစ်မှ အပင်ပေါက်ပြီး အပွင့်ပွင့်သည့်အဆင့်သို့ ယခုနှစ် သို့မဟုတ် နောက်နှစ်တွင် ရောက်ရှိမည်ဖြစ်သည်။