ဝူဟန့်တက္ကသိုလ်တွင် “ဆေးဝန်ထမ်းများအတွက် အထူးနေ့” ချယ်ရီပန်းကြည့်ပွဲ ပြုလုပ်

(GMT+08:00)2023-03-21 14:45:45  

   ယခုလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ဝူဟန့်တက္ကသိုလ်တွင် “ဆေးဝန်ထမ်းများအတွက် အထူးနေ့” အဖြစ် ချယ်ရီပန်းကြည့်ပွဲ ထပ်မံ ပြုလုပ်ခဲ့ရာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ပါဝင်ခဲ့သည့် ဆေးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများသည် ဝူဟန့်တက္ကသိုလ်တွင် ချယ်ရီပန်းများကို ကြည့်ရှုခံစားခဲ့ကြပါသည်။

        ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးဆုံး အချိန်က ဟူဘေပြည်နယ်အပြင်မှလာသော ဆေးဝန်ထမ်း ၄ သောင်းကျော်နှင့် ဟူဘေပြည်နယ် ဒေသခံ ဆေးဝန်ထမ်း ၅သိန်း ၄ သောင်းကျော်တို့သည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် ချယ်ရီပန်းများကြည့်ရှုရန်အချိန် မရခဲ့ကြပေ။ ထို့ကြောင့် ဝူဟန့်တက္ကသိုလ်သည် ဆေးဝန်ထမ်းများအတွက် ချယ်ရီပန်းကြည့်ပွဲကို ၂၀၂၁ခုနှစ်မှစ၍ ၃ နှစ် ဆက်တိုက် အထူးစီစဉ်ပြုလုပ်ပေးရန် ကတိပြုခဲ့ပြီး ထိုအချိန်က ဟူဘေပြည်နယ်အပြင်မှလာသော ဆေးဝန်ထမ်းများကို လည်း ဖိတ်ခေါ်ထားပါတယ်။