အမေရိကန် Manhattan ရာဇဝတ်မှုတရားရုံးသည် သမ္မတဟောင်း ထရန့်ကို တရားစွဲဆိုရန် ပြင်ဆင်နေ

(GMT+08:00)2023-03-21 14:42:54  

   မတ်လ ၂၀ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဒေသန္တရရှေ့နေရုံး အပြင်ဘက်လမ်းပေါ်တွင် လမ်းပိတ်ဆို့မှုများချမှတ်ထားပါသည်။ အစောပိုင်းတွင် အမေရိကန် သမ္မတဟောင်းထရန့်က ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲမဲဆွယ်ခဲ့စဉ်က လိင်ဖျော်ဖြေရေးရုပ်ရှင်မင်းသမီး Stormy Danielsအား နှုတ်ပိတ်ခပေးခဲ့မှု စွပ်စွဲချက် ရှိသောကြောင့် အင်္ဂါနေ့တွင် “အဖမ်းခံ”ရနိုင်သည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။