ရုရှား-တရုတ် ဆက်ဆံမှုသည် နိုင်ငံကြီးများ အကြား သင့်မြတ်သာယာပြီး တီထွင်ဖန်တီးမှု ရှိသော ပူးပေါင်းဆောင်ရွက်မှု အတွက် စံနမူနာ ဖြစ်သည်ဟု ပူတင်ဆို

(GMT+08:00)2023-03-21 14:39:32  

  ယခုလ ၂၀ရက်နေ့တွင် ရုရှား သမ္မတ ပူတင်က တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် “ရုရှားနှင့် တရုတ်- အနာဂတ်ကို ရှေးရှုသော မိတ်ဖက် ဆက်ဆံမှု”ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာ၌ ရုရှား-တရုတ် ဆက်ဆံမှုသည် နိုင်ငံကြီးများ အကြား သင့်မြတ်သာယာပြီး တီထွင်ဖန်တီးမှု ရှိသော ပူးပေါင်းဆောင်ရွက်မှု အတွက် စံနမူနာ ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲသည် နယ်ပယ် အသီးသီးတွင် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု အတွက် အားကောင်းသော တွန်းအားသစ်များကို ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။