ကွမ်ရှီး၌ တည်ဆောက်နေဆဲ ကမ္ဘာ့အကြီးဆုံး ခုံးတံတားကြီး

(GMT+08:00)2023-03-21 14:38:41  

ယခုလ ၁၉ ရက်နေ့က ကွမ်ရှီးပြည်နယ် ထျန်အိုခရိုင်ရှိ ထျန်အိုလုံထန် စူပါတံတားကြီး တည်ဆောက်နေပုံကို ဒရုန်းဖြင့် ရိုက်ကူးခဲ့ပါသည်။ ထျန်အိုလုံထန် စူပါတံတားကြီး၏ စုစုပေါင်းအရှည်မှာ ၂၄၈၈. ၅၅ မီတာဖြစ်ပြီး၊ ပင်မတံတားသည် မီတာ ၆၀၀ ရှည်လျားသော ကွန်ကရစ် ခုံးတံတားဖြစ်ပြီး၊ တည်ဆောက်ပြီးစီးပါက ကမ္ဘာ့အကြီးဆုံးခုံးတံတားအသစ်ဖြစ် သွားမည်ဖြစ်သည်။ ယင်းတံတားကြီးကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်ပြီး၊ ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းရပါသည်။