ရှီကျင့်ဖိန်သည် မော်စကို Vnukovo လေဆိပ်တွင် မိန့်ခွန်းလွှာထုတ်ပြန်

(GMT+08:00)2023-03-21 14:37:25  

ဒေသစံတော်ချိန် ယခုလ ၂၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် မော်စကို Vnukovo လေဆိပ်သို့ ရောက်ရှိပြီး ရုရှားနိုင်ငံတွင် တရားဝင် ခရီးစဉ်ကို စတင်ခဲ့ပါသည်။

Vnukovo လေဆိပ်တွင် ရှီကျင့်ဖိန်က စာဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ၌ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်၊ ရုရှားတို့သည် ဘက်မလိုက်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုမပြုရေးနှင့် တတိယ ဖက်များကို မရည်စူးသော အခြေခံပေါ်တွင် နှစ်ဖက်ဆက်ဆံမှုကို ခိုင်မြဲတိုးတက်စေပြီး၊ အပြန်အလှန်လေးစားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ ပူးပေါင်းဆောင်ရွက်ပြီး၊ အတူအနိုင်ရရှိခံစားသော နိုင်ငံများကြားဆက်ဆံမှု စံပြကို စိုက်ထူနိုင်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။