ရှီကျင့်ဖိန်သည် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံ

(GMT+08:00)2023-03-21 09:34:40  

ဒေသစံတော်ချိန် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ မော်စကိုမြို့ ကရင်မလင် နန်းတော်၌ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံ ခဲ့ပါသည်။ သမ္မတ ပူတင်သည် ရှီကျင့်ဖိန်နှင့် ခင်မင်ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ပြီး ဓါတ်ပုံ အတူတကွရိုက်ခဲ့ကြပါသည်။ ခေါင်းဆောင် နှစ်ဦးတို့သည် တရုတ် ရုရှား ဆက်ဆံရေးနှင့် အတူတကွ အလေးထားကြသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး လေးနက် ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ရုရှား ဆက်ဆံရေး ယနေ့အထိ တိုးတက်လာနိုင်ခြင်းသည် နက်ရှိုင်းသော သမိုင်း လော့ဂျစ် ရှိပါကြောင်း၊ တစ်ဖက်နဲ့ တစ်ဖက် အကြီးဆုံး အိမ်နီးချင်းနိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံ အဖြစ်ဖြင့် တရုတ်နှင့် ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသည် တစ်ဖက်က တစ်ဖက်၏ နိုင်ငံခြားရေးနှင့် နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေး နေရာတွင် တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် လွတ်လပ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်သော နိုင်ငံခြားရေး မူဝါဒကို အစဉ်တစိုက် ကျင့်သုံးပါကြောင်း၊ တရုတ်နှင့်ရုရှား ဆက်ဆံရေးကို ကောင်းမွန်စွာ ခိုင်ခံ့စေရေးနှင့် တိုးတက်စေရေးသည် တရုတ်နိုင်ငံက ကိုယ့်နိုင်ငံ၏ အရင်းခံ အကျိုးစီးပွားနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ အပေါ် မူတည်ပြီး ပြုလုပ်သော မဟာဗျူဟာမြောက် ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဦးလည်မသုန် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ နှစ်ဖက်တို့သည် နယ်ပယ်အသီးသီးမှ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး ကုလသမဂ္ဂ အပါအဝင် ဘက်ပေါင်းစုံ ပလက်ဖောင်းများတွင် ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် ရှင်သန်ရေးကို တွန်းအားပေးကာ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး၏ ကျောရိုးမဏ္ဍိုင် အဖြစ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ပူတင်က လွန်ခဲ့သည့်နှစ်များတွင် ရုရှားနှင့် တရုတ် ဆက်ဆံရေးသည် နယ်ပယ် အသီးသီး၌ အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် လက်တွေ့ကျ သည့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် နက်ရှိုင်းလာအောင် ဆောင်ရွက်ပြီး နိုင်ငံတကာ ကိစ္စရပ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ နိုင်ငံတကာ Multipolarization နှင့် နိုင်ငံတကာဆက်ဆံမှု ဒီမိုကရေစီ ဖြစ်ရေး ဖြစ်စဉ်ကို တွန်းအား ပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ ရှီကျင့်ဖိန်က မကြာမီက တရုတ်နိုင်ငံသည် ရပ်တည်ချက် စာတမ်းကို သီးသန့် ထုတ်ပြန်ခဲ့ပြီး ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ပန်ကြား၍ စစ်အေးတိုက်ပွဲ အတွေးအခေါ်နှင့် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် ယူကရိန်း အရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ပူတင်က ရုရှားသည် ယူကရိန်း အရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ရပ်တည်ချက် စာတမ်းကို သေချာလေ့လာခဲ့ပြီး ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲအပေါ် ပွင့်လင်းသော သဘောထားနေပါကြောင်း၊ တရုတ်နိုင်ငံက ယင်းအတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုပါကြောင်း ပြောကြား ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။