ငွေသွင်းသူ ထက်ဝက်သည် ၎င်းတို့၏ အပ်ငွေများကို ထုတ်ယူပါက အမေရိကန်ရှိ ဘဏ် ၁၈၆ ခုသည် ဒေဝါလီခံရ နိုင်ဖွယ်ရာရှိဟု အမေရိကန် မီဒီယာဆို

(GMT+08:00)2023-03-20 11:41:40  

     လူမှုသိပ္ပံပညာ သုတေသနကွန်ရက်မှ နောက်ဆုံး လေ့လာမှုတစ်ရပ်အရ ငွေသွင်းသူ ထက်ဝက်သည် ၎င်းတို့၏ အပ်ငွေများကို ထုတ်ယူပါက အမေရိကန်ရှိ ဘဏ် ၁၈၆ ခုသည် SVBဘဏ်ကဲ့သို့ ဒေဝါလီ ခံရနိုင်ဖွယ်ရာရှိကြောင်း အမေရိကန် Fox Business Channelမှ ၁၉ ရက်နေ့က ဆိုပါသည်။

        မကြာခင်ရက်များအတွင်း ဘဏ် ငွေရင်းပိုင်ဆိုင်မှု တန်ဖိုးကျဆင်းသွားခြင်းသည် အာမခံမထားသော ငွေသွင်းသူများ အပ်ငွေ ထုတ်ယူမှု အပေါ် အမေရိကန် ဘဏ်စနစ်၏ အားနည်းမှု များစွာ တိုးစေကြောင်း အဆိုပါလေ့လာမှုတွင် ဖော်ပြထားပါသည်။