အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းတွင် မြေငလျင်လှုပ်ခတ်ခဲ့သောကြောင့် လူ ၁၅ဦး သေဆုံး

(GMT+08:00)2023-03-20 13:19:34  

မတ်လ ၁၉ရက်နေ့က အီကွေဒေါနိုင်ငံ Machala၌ မြေငလျင်လှုပ်ခတ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် အစိုးရမှစာရင်းအရ ယခုအကြိမ် အီကွေဒေါနှင့် ပီရူး၌ ရစ်ခ်ျတာစကေး ၆.၅အဆင့် ရှိ မြေငလျင် လှုပ်ခတ်ခဲ့သောကြောင့် သေဆုံးသူဦးရေ ၁၅ဦး ရှိကြောင်း သိရပါသည်။ ယခုအကြိမ်မြေငလျင်၏ ဗဟိုချက်သည် အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း၏ El Oroပြည်နယ်၊ ပီရူးနိုင်ငံနယ်စပ်နှင့် နီးစပ်သော Balaoမြို့ဖြစ်ပါသည်။