အမေရိကန်၌ ဘဏ်များ ဆက်တိုက်ပိတ်၊ အမေရိကန် ပြည်သူများသည် နောက်ဆုံးတွင် အစိုးရအတွက် စရိတ်ခံ စာရင်းရှင်းပေးရမည်ဟု အမေရိကန် မီဒီယာ ဖော်ပြ

(GMT+08:00)2023-03-20 11:35:35  

အမေရိကန် SVB ဘဏ်နှင့် Signature ဘဏ်တို့ ရှေ့ဆင့်နောက်ဆင့် ဒေဝါလီခံ ပိတ်ခဲ့ပြီးနောက် အမေရိကန် Fed ဘဏ္ဍာရေးအဖွဲ့၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် FDIC အာမခံ ကော်ပိုရေးရှင်းတို့သည် ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး အထက်ပါ ဘဏ်နှစ်ခုမှ သွင်းငွေ အကောင့်အားလုံးကို အာမခံပေးနိုင်မည် ဖြစ်ပြီး FDIC အာမခံ ကော်ပိုရေးရှင်းသည် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ဖြစ်သည့် သွင်းငွေ အာမခံ ရန်ပုံငွေဖြင့် ၄င်းအတွက် အာမခံပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အထက်ပါ ဆောင်ရွက်ချက်များသည် အခွန်ဆောင်သူများ ပေးဆောင်သည့် ငွေကြေးများကို အသုံးပြုမည် မဟုတ်ဟု အမေရိကန် အစိုးရက အကြိမ်ကြိမ် ပြောခဲ့ သော်လည်း AP သတင်းဌာနမှ ၁၈ ရက်နေ့က သုံးသပ်ချက်အရ Fed အဖွဲ့နှင့် အခြား ဌာနများက ယင်းဒေဝါလီခံဘဏ်နှစ်ခုအတွက် အာမခံပေး စရိတ်များကို နောက်ဆုံးတွင် အမေရိကန် ပြည်သူများသာ ခံယူရမည်ဟု ဖော်ပြထားကြောင်း သတင်းအရ သိရပါသည်။