အမေရိကန်ရှိ နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံမှ ထရိုင်တီ ရေဒီယိုသတ္တိကြွရေ လီတာ ၁.၅၁ သန်းခန့် ယိုစိမ့်

(GMT+08:00)2023-03-20 13:21:09  

မတ်လ ၁၆ရက်နေ့တွင် အမေရိကန်နိုင်ငံ Minnesota ပြည်နယ် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ယင်းပြည်နယ်၏ Monticello မြို့တွင် တည်ရှိသည့် နျူကလီးယားဓာတ်အားပေးစက်ရုံမှ ထရိုင်တီ (tritium) ပါသော ရေဒီယိုသတ္တိကြွရေ လီတာ ၁.၅၁ သန်းခန့် ယိုစိမ့်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။

Minnesota ပြည်နယ် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက အဆိုပါ နျူကလီးယားဓာတ်အားပေးစက်ရုံကို အမေရိကန်စွမ်းအင်ကုမ္ပဏီ Xcel Energy က ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ပါသည်။