နေတိုးအဖွဲ့သည် ရုရှားနှင့် နယ်နိမိတ်ချင်း ဆက်စပ်သော နယ်စပ်ဒေသတွင် တပ်သား ၃သိန်းကို တပ်စွဲရန် စဉ်းစားသည်ဟု ကန်မီဒီယာဆို

(GMT+08:00)2023-03-20 11:44:05  

ယူကရိန်း အကျပ်အတည်းကို အခြားနိုင်ငံများသို့ မပြန့်ပွားစေရန် အတွက် နေတိုးအဖွဲ့သည် ရုရှားနှင့် နယ်နိမိတ်ချင်း ဆက်စပ်သော နယ်စပ်ဒေသတွင် တပ်သား ၃သိန်းကို တပ်စွဲရန် စဉ်းစားနေကြောင်း အမေရိကန် နိုင်ငံရေး သတင်း ဝက်ဘ်ဆိုက် Politicoမှ ယခုလ ၁၉ရက်နေ့က သတင်းကို ကိုးကား၍ တရုတ် သတင်းဌာနက ဖော်ပြပါသည်။

     နေတိုးအဖွဲ့ အဆင့်မြင့် အရာရှိ တစ်ဦးက တပ်စွဲမည့် ပထမ အသုတ် တပ်သား ဦးရေမှာ ၁သိန်းခန့် ရှိပြီး ဆယ်ရက်အတွင်း တစ်စွဲပြီးစီးမည် ဖြစ်ကြောင်း ပြောကြားပါသည်။