“၂၀၂၂ခုနှစ် အမေရိကန် ဒီမိုကရေစီ အခြေအနေ”အစီရင်ခံစာကို တရုတ် ထုတ်ပြန်

(GMT+08:00)2023-03-20 11:45:03  

    တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ယခုလ ၂၀ရက်နေ့မှာ “၂၀၂၂ခုနှစ် အမေရိကန် ဒီမိုကရေစီ အခြေအနေ”အစီရင်ခံစာကို ထုတ်ပြန်ရာ အဖြစ်မှန် အမြောက်အများနှင့် မီဒီယာ ပညာရှင်များ၏ အမြင်သဘောထားများဖြင့် လွန်ခဲ့သည့် တစ်နှစ် အတွင်း အမေရိကန် ဒီမိုကရေစီ၏ စစ်မှန်သော အခြေအနေကို စည်းစနစ်ကျစွာဖြင့် ဖော်ပြပြီး အမေရိကန် ပြည်တွင်း ဒီမိုကရေစီ ရှုပ်ထွေးမှုနှင့် ကမ္ဘာတစ်ဝန်းတွင် အမေရိကန်က အမေရိကန် ပုံစံ ဒီမိုကရေစီကို ဝါဒဖြန့်ခြင်းနှင့် အခြားနိုင်ငံများအား အတင်းအကျပ် လက်ခံစေခြင်းကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးမှုနှင့် ဘေးဒဏ်များကို ဖော်ပြကာ အမေရိကန် ပုံစံ ဒီမိုကရေစီ၏ စစ်မှန်သော အတွင်းသရုပ်ကို လူအများအား ပိုမိုရှင်းရှင်းလင်းလင်း သိရှိစေပါသည်။