စန်းရှီးပြည်နယ် ယွင့်ချင်မြို့တွင် Photovoltaic ဓာတ်အားထုတ် ဆိုလာပြား များသည် ကီလိုမီတာ ၄၀ ကျော် ဆက်စပ်လျက်ရှိ

(GMT+08:00)2023-03-20 13:18:29  

ပြီးခဲ့သည့် နှစ်များက စန်းရှီးပြည်နယ် ယွင့်ချင်မြို့သည် အစိမ်းရောင်ဆက်တိုက်ဖွံ့ဖြိုးရေး ခံယူချက်ကို စွဲကိုင်ပြီး၊ ပေါကြွယ်ဝသော နေရောင်ခြည်စွမ်းအင်နှင့် မဖော်ထုတ်သေးသော မြေလွတ်မြေရိုင်းများကို အသုံးပြုပြီး၊ ကီလိုမီတာ ၄၀ ကျော် ရှည်လျားသည့် Photovoltaic နည်းပညာအခြေခံစခန်းကို တည်ဆောက်ပြီး၊ ဂေဟပတ်ဝန်းကျင် ပိုမိုကောင်းမွန်စေ၍ စွမ်းအင်ချွေတာရေးနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးတို့ကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့သည်ဟု သတင်းအရသိရပါသည်။