ရုရှားဘာသာပြန် “ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ” ဒုတိယပိုင်းကိုရုရှား၌ စတင်ထုတ်လွှင့်

(GMT+08:00)2023-03-20 20:55:01  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည်ရုရှားနိုင်ငံ၌ တရားဝင် ခရီးရောက်ရှိနေသည့် အခါသမယတွင် ရုရှားဘာသာပြန် “ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ” ဒုတိယပိုင်းကိုရုရှားနိုင်ငံ၏ အဓိကရုပ်မြင်သံကြားဌာနများမှာစတင်ထုတ်လွှင့်ခဲ့ပါသည်။ မတ်လ ၂၀ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ရုရှားနိုင်ငံတော် ရုပ်မြင်သံကြားနှင့် အသံလွှင့် ကော်ပိုရေးရှင်းဒါရိုက်တာချုပ် ဒေါ်ဘရော်ဒေယဲ့ဖ် တို့သည် ရုပ်သံအစီအစဉ် စတင် ထုတ်လွှင့်ပွဲ အခမ်းအနားကိုပူးတွဲ ပြုလုပ်ပြီးမိန့်ခွန်းပြောကြားခဲ့ကြပါသည်။ ၄င်းတို့က ပင်မမီဒီယာများအဖြစ် အကျိုးဖြစ်ထွန်းမှုများကိုလုပ်ဆောင်ပြီးတစ်ကမ္ဘာလုံးယဉ်ကျေးမှု အဆိုပြုချက်ကိုဖော်ဆောင်၍ တရုတ်နှင့် ရုရှားနှစ်နိုင်ငံအပြန်အလှန် ကူးလူးဖလှယ်မှု၊ လေ့လာကိုးကားမှုများနှင့် ပြည်သူများစိတ်ချင်းဆက်နွှယ်မှုများကိုတိုးမြှင့်၍ လူသားကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးကိုတွန်းအားပေးမည် ဖြစ်ကြောင်းပြောကြားခဲ့ကြပါသည်။

ရုရှားဘာသာပြန် “ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ” ဒုတိယပိုင်းတွင် သမ္မတရှီကျင့်ဖိန်၏ အရေးကြီးမိန့်ခွန်းများ၊ ဆောင်းပါးများတွင် အသုံးပြုထားသောတရုတ်  ဂန္ထဝင်စာသားများကိုရွေးချယ်ပြီးလက်တွေ့ကျကျ ဆောင်ရွက်ခြင်း၊ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ အတူမျှဝေခြင်း၊ အစိမ်းရောင် ဖော်ဆောင်ခြင်းစသည့် ဆောင်ပုဒ်များကိုဝိုင်းဝန်းသည့် အကြောင်းအရာများကို ပြသထားသည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။