တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆက်တိုက်ကျင်းပနေ

(GMT+08:00)2023-03-20 13:20:22  

မတ်လ ၁၉ရက်နေ့က တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် “Freedom Shield” ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဆက်တိုက်ကျင်းပနေပါသည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်း ကြောင့် အခြေအနေကို ပိုမိုတင်းမာစေပါသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြောက်ကိုရီးယားမှ အရှေ့ပင်လယ်သို့ တာတိုဒုံးကျည်တစ်လုံး ပစ်လွှတ်ခဲ့ခြင်းသည် ကျင်းပနေသော တောင်ကိုရီးယားနှင့်အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ကန့်ကွက်ရန်ဖြစ်သည်ဟု တောင်ကိုရီးယားစစ်ဖက်က ပြောကြားပါသည်။