ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသို့ တရားဝင် ခရီးလှည့်လည်

(GMT+08:00)2023-03-20 20:02:05  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်အရမတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ဘေကျင်းမှ ရုရှားနိုင်ငံသို့ ခရီးထွက်ခွာခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ပါတီဗဟိုကော်မတီရုံးဥက္ကဋ္ဌ ဆိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မတီရုံးဥက္ကဋ္ဌ ဝမ်ယိ၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးချင်ကမ်းတို့ လိုက်ပါသွားကြပါသည်။

ဒေသစံတော်ချိန် ၂၀ ရက်နေ့ ညနေပိုင်းကရှီကျင့်ဖိန်၏ အထူးလေယာဉ်သည် မော်စကိုမြို့သို့ ရောက်ရှိပြီးရုရှား၌ တရားဝင် စတင် ခရီးလှည့်လည်ပါသည်။ ရုရှားဘက်မှလေဆိပ်၌ ဧည့်ကြိုပွဲအခမ်းအနားကိုခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။