ဗင်နီဇွဲလားတွင် ၂၀၂၂ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ၂၀၂၁ခုနှစ်ကထက် ၉၃ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2023-03-20 11:39:43  

ဒေသစံတော်ချိန် မတ်လ ၁၈ ရက်နေ့က ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) မှ ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ၂၀၂၁ခုနှစ်ကထက် ၉၃ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

        သက်ဆိုင်ရာ စာရင်းအရ ၂၀၂၂ခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ၄မျိုးရှိပြီး ရောဂါသည် စုစုပေါင်း ၁၁၄၀၉ ဦး ရှိကာ အလားတူအချိန်ပိုင်းကထက် ၉၃ ရာခိုင်နှုန်း တိုးလာကြောင်း ၊ တစ်ချိန်တည်းမှာပင် ၂၀၂၂ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြောင့် သေဆုံးသူဦးရေ ၁၈ ဦးရှိပြီး ၂၀၂၁ခုနှစ်ကထက် ၁၂၅ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းအရ သိရပါသည်။