ပြင်သစ် နေရာအများအပြားမှပြည်သူများသည် ပင်စင်လစာပြုပြင်ပြောင်းလဲမှုကို ကန့်ကွက်

(GMT+08:00)2023-03-19 12:51:26  

ဒေသစံတော်ချိန် မတ်လ ၁၇ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဆန္ဒပြသူများသည် ပါရီမြို့ရှိPlace de la Concorde မှာ စုဝေးပြီး ဆန္ဒပြခဲ့ကြသည်။ ပြင်သစ်သမ္မတ မာကရွန်သည် လွှတ်တော်တွင်မဲပေးခြင်း မပြုဘဲ အငြိမ်းစားယူသည့် အသက်ကို ယခင် ၆၂ နှစ်မှ ၆၄ နှစ်သို့ အတင်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းဆုံးဖြတ်ချက်ကြောင့် ဖြစ်စေခဲ့သော ဆန္ဒပြမှုများသည် ပါရီမြို့၏ လမ်းပန်းဆက်သွယ်ရေး၊ အမှိုက်သိမ်းခြင်းနှင့် တက္ကသိုလ် ကျောင်းဝင်းများကို အနှောင့်အယှက်ဖြစ်စေကာ ယင်းဆုံးဖြတ်ချက်ကို ဆန့်ကျင်သူများသည် အစိုးရအား အလျှော့ပေးစေရန် ကြိုးပမ်းနေပါသည်။